Classes

Phonics
Level 1: 44 Letter Sounds (အသံ ၄၄ မျိုး)
Level 1: 44 Letter Sounds (အသံ ၄၄ မျိုး)

ရည်ရွယ်ချက် အနှစ်ချုပ် - အင်္ဂလိပ်ဘာသာစကားရှိ အခြေခံအကျဆုံး အက္ခရာသံ (Phonemes) ၄၄ မျိုးကို ခွဲခြားသိမြင်စေရန်၊ မှတ်မိစေရန် နှင့် ထုတ်လုပ်ပြောဆိုတတ်စေရန် ဖြစ်သည်။ မြန်မာဘာသာ စကားလေ့လာပုံနှင့် နှိုင်းယှဥ်ရလျှင် မူလတန်း KG အဆင့် ဗျည်းအက္ခရာ သင်ကြားပုံ (ဥပမာ - က ‌ရေ က ၊ ခ ရေ ခ ၊ င ရေ င ကဲ့သို့ အက္ခရာ သင်္ကေတ နှင့် အက္ခရာ အသံတို့ကို ခွဲခြား မှတ်မိစေရန်) နှင့် အလားသဏ္ဍာန် တူပါသည်။ ၎င်းသည် စကားလုံးများကို စတင်ဖတ်ရှုနိုင်ရန်အတွက် အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ (ဥပမာ- /a/, /b/, /k/ အသံများကို သိရှိခြင်း)
Level 2: Short Vowel CVC Words (ဗျည်း-သရတို-ဗျည်း စကားလုံးများ)
Level 2: Short Vowel CVC Words (ဗျည်း-သရတို-ဗျည်း စကားလုံးများ)

ရည်ရွယ်ချက် အနှစ်ချုပ် - အင်္ဂလိပ်ဘာသာစကားရှိ အခြေခံအက္ခရာသံ (Phonemes) ၄၄ မျိုးကို အသုံးပြု၍ စကားလုံးများ ဖတ်ရှုနိုင်ရန် ဖြစ်သည်။ အထူးသဖြင့် Short Vowel CVC Words များကို ဖတ်ရှုနိုင်ရန် ဖြစ်သည်။ မြန်မာဘာသာ စကားလေ့လာပုံနှင့် နှိုင်းယှဥ်ရလျှင် မူလတန်း Grade 1 အဆင့် စာလုံးပေါင်းခြင်း သင်ကြားပုံ (ဥပမာ - က + ခ + င = ကခင ၊ က + တ + ပ = ကတပ ကဲ့သို့ စာလုံးပေါင်းခြင်း) နှင့် အလားသဏ္ဍာန် တူပါသည်။ ၎င်းသည် စာဖတ်ခြင်း ကျွမ်းကျင်မှု ရရှိရန်အတွက် အရေးပါသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ (ဥပမာ- cat, bed, sit, dog, cup စသည်တို့ကို ဖတ်ရှုနိုင်ခြင်း)
Level 3: Long Vowel Words (သရရှည် စကားလုံးများ)
Level 3: Long Vowel Words (သရရှည် စကားလုံးများ)

သရရှည် (Long Vowels) အသံများ (ဥပမာ- 'a' သည် /ay/ အသံထွက်ခြင်း) ကို သိရှိစေရန်နှင့် ၎င်းတို့ပါဝင်သည့် စကားလုံးများကို ဖတ်ရှုတတ်စေရန်ဖြစ်သည်။ အထူးသဖြင့် 'Magic e' သို့မဟုတ် 'Silent e' ပုံစံ (Vowel-Consonant-e) ပါသော စကားလုံးများကို အဓိကထား သင်ကြားလေ့ရှိသည်။ စာလုံး‌ရေ ခန့်မှန်းခြေ ၃၀ မှ ၁၀၀ ကြား ပါနိုင်တဲ့ စာမျက်နှာ ၈-၁၆ မျက်နှာကြားရှိ များ ဖတ်နိုင်လာမည်။ ၀ါကျများက ပိုမိုရှည်လျား လာပြီး စကားလုံး (၅)လုံးမှ (၇) လုံး ရှိတဲ့၀ါကျတွေ ပါ၀င်လာပါတယ်။ ဥပမာ - c-a-n-e → cane b-i-k-e → bike d-o-m-e → dome c-u-t-e → cute n-o-t-e → note
Level 4: Double Letter Vowel Words (သရနှစ်လုံးတွဲ စကားလုံးများ)
Level 4: Double Letter Vowel Words (သရနှစ်လုံးတွဲ စကားလုံးများ)

သရအက္ခရာနှစ်ခုတွဲ၍ သရရှည်အသံတစ်ခု (Vowel Teams / Digraphs) ကို ဖော်ဆောင်သည့် ပုံစံများကို သိရှိနားလည်စေရန်နှင့် ၎င်းတို့ပါဝင်သော စကားလုံးများကို ဖတ်ရှုနိုင်စေရန်ဖြစ်သည်။ (ဥပမာ- ai (rain), ee (tree), oa (boat), oo (moon) စသော အက္ခရာတွဲများ) ထို့အပြင် ခက်ခဲမှု အဆင့် အလယ်အလတ် ရှိသော story များကို စတင်ဖတ်နိုင်မည် ဖြစ်သည်။ စာလုံး‌ရေ ခန့်မှန်းခြေ ၅၀ မှ ၁၅၀ ကြား ပါနိုင်တဲ့ စာမျက်နှာ ၈-၁၆ မျက်နှာကြားရှိ များ ဖတ်နိုင်လာမည်။ ၀ါကျများက ပိုမိုရှည်လျား လာပြီး စကားလုံး (၅)လုံးမှ (၁၀) လုံး သို့မဟုတ် ပိုရှည်တဲ့ ၀ါကျတွေ ပါ၀င်လာပါတယ်။
Level 5: Double Letter Consonant Words (ဗျည်းနှစ်လုံးတွဲ စကားလုံးများ)
Level 5: Double Letter Consonant Words (ဗျည်းနှစ်လုံးတွဲ စကားလုံးများ)

ဗျည်းအက္ခရာနှစ်လုံး သို့မဟုတ် သုံးလုံးတွဲကာ ဗျည်းသံတစ်ခု (Consonant Digraphs) သို့မဟုတ် ဗျည်းတွဲသံ (Blends) များအဖြစ် ထွက်ရှိလာပုံကို သိရှိစေရန်ဖြစ်သည်။ ၎င်းသည် စကားလုံးရှည်များကို ပိုမိုမြန်ဆန်တိကျစွာ ဖတ်ရှုနိုင်ရန် ကူညီပေးသည်။ ဥပမာ - ch (chair) sh (ship) th (that) st (stop) bl (blue) စသော အက္ခရာတွဲများ Level -5 သင်ယူပြီးသား ကလေး တစ်ယောက်ဟာ ကိုယ်တိုင် လွတ်လပ်စွာ ဖတ်ရှု နိုင်တဲ့ (Independent Reader) အဆင့်ကို ရောက်ရှိနေပါပြီ။ စာလုံး‌ရေ ခန့်မှန်းခြေ ၁၅၀ မှ ၃၀၀+ ကြား ပါနိုင်တဲ့ စာမျက်နှာ ၁၆-၃၂ မျက်နှာကြားရှိ story များ ဖတ်နိုင်လာမည်။ ၀ါကျများက ရှုပ်ထွေး လာပြီး စကားလုံး (၁၀)လုံး သို့မဟုတ် ထို့ထက်ပို ပါ၀င်လာနိုင်ပါတယ်။ အလယ်တန်း‌ အောက်ဆင့် စာများ ဖတ်ရှုလာနိုင်သည်ကို တွေ့ရပါမည်။
Level 6: Letter Combinations (အက္ခရာ ပေါင်းစပ်မှုများ/ စကားလုံး အစိတ်အပိုင်းများ)
Level 6: Letter Combinations (အက္ခရာ ပေါင်းစပ်မှုများ/ စကားလုံး အစိတ်အပိုင်းများ)

ယခင်အဆင့်များထက် ပိုမိုရှုပ်ထွေးသော အက္ခရာပေါင်းစပ်မှုများဖြစ်သည့် R-Controlled Vowels ဥပမာ- ar, or, ir Diphthongs ဥပမာ- oy, ou, ow နှင့် Suffixes/Prefixes (စကားလုံးရှေ့/နောက်ဆက်များ) ကဲ့သို့သော ပိုမိုရှုပ်ထွေးသည့် စကားလုံးအစိတ်အပိုင်းများကို ဖတ်ရှုနိုင်စွမ်းကို မြှင့်တင်ရန်ဖြစ်သည်။ ၎င်းသည် စကားလုံးအရှည်များ (Multisyllable Words) ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ဖတ်ရှုနိုင်ရန် ရည်ရွယ်သည်။ ဥပမာ - ar (car) ur (burn) un- (unhappy) -ing (running) Phonics Level အားလုံး သင်ကြားပြီး ဖြစ်သည့်အတွက် အခြေခံ စာဖတ်နည်း တတ်မြောက်သွားပြီဟု သတ်မှတ်နိုင်ပါသည်။ Fluent and Independent Reader (ကျွမ်းကျင် အဆင့် စာဖတ်သူ) များ ဖြစ်သွားမည့် အားလျော်စွာ ဒီအဆင့်မှာ စကားလုံးတွေကို စာလုံးပေါင်း (Decoding) လုပ်နေရတာထက် အဓိပ္ပါယ်ကို နားလည်အောင် ဖတ်ရှုခြင်း (Comprehension) အဆင့်ကို ရောက်ရှိပြီ ဖြစ်ပါသည်။ စာလုံး‌ရေ ခန့်မှန်းခြေ ၁၅၀၀ မှ ၂၀၀၀ ကြား ပါနိုင်တဲ့ ရှည်လျားပြီး ပိုရှုပ်ထွေးသော ဇာတ်လမ်းများ (Longer and More Complex Plots)၊ decodable မဟုတ်တော့သော စာအုပ်များ (Non-decodable Texts)၊ ဝေါဟာရ ပိုကြွယ်၀ခြင်း (Richer Vocabulary)၊ အမျိုးအစားစုံလင်ခြင်း (Variety of Genres) စသည့် စွမ်းရည်များ ပြည့်၀စွာ ရရှိပြီး ဖတ်နိုင်လာမည်။ ပုံပြင် (Fiction) တွေအပြင် ပညာပေးစာအုပ် (Non-fiction)၊ ကဗျာ (Poetry) စတဲ့ စာအမျိုးအစား မျိုးစုံကို စိတ်၀င်တစား အမှီအခိုကင်းစွာ ဖတ်ရှုလာနိုင်မည်ဖြစ်သည်။

Grammar and Four Skills
Pre A1 Starters
Pre A1 Starters

CEFR အဆင့်: Pre-A1 (Beginner) အင်္ဂလိပ်ဘာသာစကားနှင့် ပထမဆုံး စတင်ထိတွေ့စေပြီး၊ နေ့စဉ်သုံး အလွန်ရိုးရှင်းသော စကားလုံးများ၊ စကားစုများနှင့် အခြေခံ ဝေါဟာရများကို နားလည်ပြီး အသုံးပြုတတ်စေရန် ဖြစ်သည်။ မိမိကိုယ်ကို မိတ်ဆက်ခြင်း၊ အရောင်များနှင့် အရေအတွက်များကို ပြောဆိုခြင်းစသော အခြေခံ ဆက်သွယ်မှု (Basic Communication) စွမ်းရည်များကို ဖော်ဆောင်ပေးသည်။
A1 Movers
A1 Movers

CEFR အဆင့်: A1 (Breakthrough) အလွန်ရိုးရှင်းသော နေ့စဉ်သုံး စကားပြောဆိုမှုများ တွင် ပါဝင်နိုင်ရန်၊ မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် ကိုယ်ရေးအချက်အလက်များကို မေးမြန်းဖြေဆိုနိုင်ရန်နှင့် ရိုးရှင်းသော စာရေးသားမှုများကို နားလည်သဘောပေါက်စေရန် ဖြစ်သည်။ အခြေခံ သဒ္ဒါပုံစံများ (Basic Grammar) နှင့် စကားလုံးပေါင်းစပ်မှုများကို စတင်တည်ဆောက်သည်။
A2 Flyers
A2 Flyers

CEFR အဆင့်: A2 (Waystage) ရင်းနှီးပြီးသား အကြောင်းအရာများ (Familiar Topics)(ဥပမာ- ဈေးဝယ်ခြင်း၊ ဒေသန္တရအကြောင်းအရာ၊ အလုပ်အကိုင်) နှင့် ဆက်စပ်သော ဝါကျများနှင့် မကြာခဏသုံးသော စကားစုများကို နားလည်စေရန် ဖြစ်သည်။ ရိုးရှင်းပြီး ပုံမှန်လုပ်ဆောင်ရသော အခြေအနေ ကိစ္စရပ်များ (အထက်တွင်ဖော်ပြခဲ့သော ဥပမာများ)တွင် ပြောဆိုလိုသည့် အချက်အလက် များကို တုန့်နှေးခြင်း မရှိဘဲ ချောမွေ့စွာ အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်စွမ်းကို မြှင့်တင်ပေးသည်။ စာတို ၊ ( Short Story ) ပုံပြင်တို များကို စာလုံး‌ရေ ၂၅ - ၅၀ လုံး ၀န်းကျင် ရေးနိုင်မည် ဖြစ်သည်။
A2 KET (Key English Test)
A2 KET (Key English Test)

CEFR အဆင့်: A2 (Waystage) နေ့စဉ်ဘဝနှင့် သက်ဆိုင်သည့် ရိုးရှင်းသော အခြေအနေများတွင် အင်္ဂလိပ်စာကို အသုံးပြုနိုင်ပြီ ဖြစ်သည်။ Flyers ထက် ပိုမိုကျယ်ပြန့်သော ဘာသာရပ်နယ်ပယ်များနှင့် အခြေခံ သဒ္ဒါဆိုင်ရာ နားလည်မှုကို အပြည့်အဝ အသုံးချတတ်စေရန်ဖြစ်သည်။ ရိုးရှင်းသော စာသားများနှင့် စာတိုများကို ဖတ်ရှုနားလည်နိုင်စွမ်းရှိစေရန် ဖြစ်သည်။ Email, စာတို ၊ ( Short Story ) ပုံပြင်တို များကို စာလုံး‌ရေ ၂၅ - ၅၀ လုံး ၀န်းကျင် ရေးနိုင်မည် ဖြစ်သည်။
B1 PET (Preliminary English Test)
B1 PET (Preliminary English Test)

CEFR အဆင့်: B1 (Threshold / Intermediate) အလယ်အလတ်ကျွမ်းကျင်သူအဆင့် (Intermediate) သုံးစွဲသူအဖြစ်သို့ ရောက်ရှိစေပြီး၊ အလုပ်၊ ကျောင်း၊ အားလပ်ချိန်တို့တွင် ပုံမှန်ကြုံတွေ့ရလေ့ရှိသော ရင်းနှီးသည့် ကိစ္စရပ်များ နှင့် ပတ်သက်၍ ရှင်းလင်းသော စကားလုံးများကို နားလည်စေရန် ဖြစ်သည်။ အင်္ဂလိပ်စကားပြောသော ဒေသသို့ ခရီးသွားလာရာတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေအများစုကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်နှင့် ရင်းနှီးသော အကြောင်းအရာများကို ရိုးရှင်းသော ဆက်စပ်စာသားများ (Simple Connected Text) ရေးသားနိုင်စွမ်းကို ရည်ရွယ်သည်။
B2 FCE (First Certificate In English)
B2 FCE (First Certificate In English)

CEFR အဆင့်: B2 (Vantage / Upper-Intermediate) အထက်တန်းအလယ်အလတ်အဆင့် (Upper-Intermediate) အသုံးပြုသူအဖြစ်သို့ ရောက်ရှိစေပြီး၊ခက်ခဲရှုပ်ထွေးသော စာသားများ၏ အဓိက အယူအဆများ (အသိစိတ်ကော၊ Abstract သဘောပါမကျန်) ကို နားလည်စေရန်ဖြစ်သည်။ ဘာသာစကားကို လွယ်ကူစွာ(Fluency) နှင့် ပုံမှန်ပြောသွားခြင်း (Spontaneity) ဖြင့် အသုံးပြု၍ မိခင်ဘာသာစကားပြောသူများ (Native Speakers) နှင့် အဆင်ပြေစွာ ဆက်ဆံပြောဆိုနိုင်စွမ်း ရရှိစေရန် ရည်ရွယ်သည်။ ကျယ်ပြန့်သော ခေါင်းစဉ်များပေါ်တွင် ရှင်းလင်းပြီး အသေးစိတ်သော စာသားများ (Clear, Detailed Texts) ရေးသားနိုင်စွမ်းကိုလည်း လေ့ကျင့်ပေးသည်။